သံပေါက်ကဗျာ စပ်နည်း

သုံးပါဒ စပ်ဆိုသော သံပေါက်၏ အဆုံး ငါးလုံးနှင့် ချသော ဥဒါဟရုဏ်ပုံစံများကို လေ့လာကြည့်ပါ။

၁) ဂဏန်းမ“သင်“၊ လမ်းမ“မြင်“၊ ကူး“လျှင်“ ရှုံးမည်မှတ်

၂) ဘာသာမ“တူ“ ထိမ်းမြှား“မူ“ အ“ယူ“ပျက်ကြောင်းမှတ်

၃) ဘသာမျိုး“ခြား“၊ စာစ“ကား“၊ သင်“ကြား“ သင့်သည်မှတ်

၎) ကုန်သည်ပွဲ“စား“၊လုပ်ဆောင်“ငြား“ စည်း“ပွား“ ဖြစ်ကြောင်းမှတ်

၅) မင်းခယော“က်ျား“၊ လခ“စား“၊ ၀မ်း“ခါး“လှရုံမှတ်

၆) ရောင်ဝယ်ပ“ညာ“၊ တက်မှ“သာ“ ကူး“ခါ“ မြတ်မည်မှတ်

၇) အချိန်နှင့်“သာ“၊ လုပ်ဆောင်“ရာ၊ ဥ“စ္စာ” တည်ကြောင်းမှတ်

ဂ) ငွေထွက်ငွေ“၀င်” စားရင်း“တင်”၊ ကုန်“စင်” သိအောင်မှတ်

၉) အတိုးကြီး“ပေး” ငွေကို“ချေး” အ“ကြွေး“ မပြေမှတ်

၁၀) တိုးညွန့်ပွား “ကြီး“၊ ငွေနှင့်“နှီး”၊ အ“ထီး”ကျန်ကြောင်းမှတ်။

No comments:

Post a Comment