သံပေါက်ကဗျာ ၇-လုံးချ စပ်နည်း

သုံးပိုဒ်သံပေါက်ကဗျာမှာ နောက်ဆုံးအပိုဒ် ၇-လုံးချ သုံးပါဒ သံပေါက် ဥဒါဟရုဏ်ပုံစံများကိုလည်း လေ့လာကြည့်ပါ။

၁) တရံခါ“သော်”၊ မြိုင်ခန်း“ပေါ်”၊ မှီ“ပျော်” နေထ-ကျားမင်းလှ

၂) သမင်းချေး“ငယ်“ ပိုင်ဒ“ရယ်“၊ ဝေး“နယ်“ ရှောင်ကြ-များမြောင်စွ

၃) တော သတ္တ“၀ါ“၊ ဘမ်းစား“ကြာ“၊ လှည့်“ရှာ” မရ-ရှိလေတကား။

ဤနောက်ဆုံး ၇-လုံးချသံပေါက်၏ ရေးထုံး ရေးနည်းမှာလည်း ဘော်ပြခဲ့ပြီးသော ၅-လုံးချသံပေါက်ကဲ့သို့ပင် ဖြစ်လေသည်။ နောက်ဆုံးပါ၌သာ အက္ခရာ ၇-လုံးထား၍ချသည်။ သို့သော် အထူးမှတ်သားရန်မှာကား ....

ပထမပါဒ- စတုတ္ထအက္ခရာ၊ ဒုတိယပါဒ- တတိယအက္ခရာ၊ တတိယပါဒ- ဒုတိယအက္ခရာများကို အသတ်ချင်း တူညီစွာအုပ်ခဲ့ပြီးနောက်၊ တတိယပါဒမှာ ပါဒ၌ စတုတ္ထအက္ခရာကို နောက်ဆုံး  သတ္တမမြောက်အက္ခရာနှင့်ပင် အုပ်၍ချရမည်။

ပုံစံ-

တရံခါ “သော်“၊ (ပထမပါဒ- စတုတ္ထအက္ခရာ)
မြိုင်ခန်း“ပေါ်“၊ ( ဒုတိယပါဒ- တတိယအက္ခရာ)
မှီ“ပျော်”(တတိယပါဒ- ဒုတိယအက္ခရာ)
 နေထ(တတိယပါဒမှာ ပါဒ၌ စတုတ္ထအက္ခရာ)-
ကျားမင်းလှ (သတ္တမမြောက်အက္ခရာ)

No comments:

Post a Comment