ဒွေးချိုးစပ်နည်း (၃)

အောက်ပါ ဒွေးချိုးများကို မူထား၍ ရေးသား လေ့ကျင့်စေရန် ဖော်ပြပေးလိုက်ပါသည်။

အနောက်နန်းမိဘုရား မြကလေး၏ အမြော်စိုက် ဒွေးချိုး

၁) နေ မှိန် မှိန်၊ ဆင် ပေါင်း တော် ရွှေ ပု သိန် နှင့်၊ လာ ချိန် တန် ပေါ့၊
ထပ် ထပ် ကယ် မြော်၊ ပြာဿာဒ် ကယ် ဆောင် ဘုံ ပေါ် က၊
အ ကြို တော် သည် မယ် ထောက် ရ တယ်၊ ကိုယ် တော် ရေ .. ကိုး ခေါက် ပြန် ပေါ့။

စလေ ဦးပုည၏ ဆိုသစ္စာတိုင် သဖြန် ဒွေးချိုး

၂) ထုံး မ တိမ်း၊ ငုံး အိမ် ကြူ လ နှင့်၊ တူ မျှ စံ နှိုင်း၊
ထပ် တ ညီ- ကပ္ပဋ္ဌီ ထင် တိုက် တဲ့၊
 ယဉ် သိုက် စင်- သည် မေ နှင့် ရယ်၊ ငါး ဆင့် သ မိုင်း။

မောင်စံသူ ဆိုသည့် မှာတမ်းဘွဲ့ ဒွေးချိုး

၃) ကြွံ့ မ ညီ၊ တန် ပြီ သည် နဲ့ လို့၊ ကြည် တဲ့ မ နော၊
မ ချစ် တဲ့ ပြင်၊ သ နစ် ကယ် ပွေ ဆင် လို့၊
ဖွတ် မ မြင်- ဓား မ ဆုံး သည့် နယ်၊ ဘုန်း သူ့ သ ဘော။

မန္တလေးမြို့ အချုပ်တန်း ဆရာဘေ ဆိုသစ္စာ တိုင် ဒွေးချိုး

၎) ပြစ် မ ခွာ၊ နှစ် တ ရာ ရှည် မြင့် အောင် ပ၊ တည် ခွင့် ပါ ဗျ၊
မေတ္တာ ငယ် လှိုင်၊ သစ္စာ တိုင်- ယိုင် မ ကျိုး ပါ နှင့်၊
ရိုး မြေ ပြာ ကျ။

မန္တလေးမြို့ မောင်ဘိုးရင် ဆိုမှာတမ်းဘွဲ့ ဒွေးချိုး

၅) ထိတ် စ ရာ၊ လိပ် ပြာ တုန် လှ လို့၊ လုံ မ မှာ ပန်း။
နန်း ရိပ် ကေ ညှာ၊ စန်း မိတ် ငွေ လွှာ သို့၊
ဖြေ မ သာ သူ ရာ စီး သည် နှယ်၊ မီး ထ က မန်း။

စတုတ္ထတန်း မြန်မာ ဖတ်စာမှ တောစခန်း အကြောင်း ဒွေးချိုး

၅) မှိုင်း ရီ လို့ မှောင်၊ တောင် တော မြိုင် ရ ဂုံ ပ၊
လ က ဆုန် နွေ ရ တု ငယ် က၊ ကုန် လု ဟန် စော။
ကိုး နယ် ပြည့် ဆင်၊ မင်း လွင် မှာ တိမ် မိလ္လာ နှင့်၊
ပန်း သိင်္ဂါ ခိုင် ညာ ညွှန့် ငယ် မှာ၊  လေ ကွန့် သည့် တော။

ပဉ္စမတန်း မြန်မာစာ ဖတ်စာမှ တောစခမ်း အကြောင်း ဒွေးချိုး

၇) သည် တော မြိုင် ယံ၊ ဘော် ကွာ သူ ပူ စေ ဖန် လို့၊ ဖြေ ရန် မခန်း။
ယိမ်း နွဲ့ ညှာ တံ၊ ဇင် မင်း ရွှေ ရည် ကျံ လို့၊
ခါ တော် မှန် ရာ သီ လိုက် တယ်၊ သိန်း ထိုက် တဲ့ ပန်း။

(မှတ်ချက်) အထူးမှတ်သားရန်မှာာ အထက်ဘော်ပြပါ ဒွေးချိုးစပ်နည်း ၂မျိုးကို ကဗျာစီကုံး အသုံးအနှုံး ပြုသူတို့ လေ့ကျင့် ကျက်မှတ်သား အမြဲ နှလုံးထားအပ်သော နည်းမှန် နည်းဟောင်းကြီး များ ဖြစ်သည်။ ဤကဲ့သို့ အစပ်မျိုးများနှင့် ကွဲလွဲနေစေကာမူ အချိုးအလိုက် အအုပ် အခံ ကာရန် ၀ါကျ မှန်ကန်ပါကလည်း ထိုဆိုအပ်ခဲ့ပြီးသော ဒွေးချိုးသည် မှားသည်ဟုတ် မဆိုနိုင်။ သဖြန်၏ သဘောကိုလည်း အထက်တွင် ရေးသားခဲ့သသည့် အတိုင်း ဒွေးချိုးနှင်း မကွဲမပြားဘဲ အကြောင်း အားလျှော် စွာ ဖြစ်ပေါ်လာသည်ကိုသာ ဘွဲ့နွဲ့စီကုံး၍ ဒွေးချိုး၏ သဘောအတိုင်းပင် ၂ချိုးချိုးစပ် ထားလေသည်။ စင်စစ်သော်ကား မကွဲမပြားလှချေ။ တခါ တရံ နှစ်ရပ်လုံးပေါင်းစပ်၍ နှစ်ဆစ်သဖြန် ဒွေးချိုးသဖြန်ဟု ခေါ်ဆို ထိုက်လေသည်။ ထို့ကြောင့် ကာရန်နှင့် အချိုးသာလျှင် မူလပဓာနဖြစ်ချေသည်။

No comments:

Post a Comment