လေးချိုး၏ သဘောသည်လည်း ဒွေးချိုးကဲ့သို့ပင် အချိုးအစား လေးချိုးထား၍ စာလုံးနှင့် အပိုဒ်ရေကို ပုံသေမထားဘဲ စပ်သွားလေသည်။ ရှေးရေး လေးချိုးကြီးများမှာယခုခေတ်သမယ ရေးသား ကြ သည့် လေးချိုး များနှင့် မတူဘဲ လင်္ကာ-ရတုများကဲ့သို့ ကာရန်ကို တလုံးသာချိပ်ပြီးနောက် အချိုးကို မှန်အောင်ထား၍ စပ်သွား လေသည်။ ယခုလာက လေးချိုးမှားမှာ အချိုးကို အမှန်ထားပြီးနောက် ပိုဒ်ရေ အက္ခရာလုံးရေ ကာရန်တကို့ကို ထပ်နိုင်သမျှ ထပ်ပြီးလျှင် ခံခါနီး အုပ်ခါနီး အပိုဒ်နားတို့၌ (အို)ကိုသော်လည်းကောင်း၊ (အိုကွယ်)ကိုသော်လည်းကောင်း၊ စကားဆက်နား၌ (သြော်)ကိုသော် လည်းကောင်းး အသီးသီးထား၍ စပ်သွားကြလေသည်။ စင်စစ် ယခုရေးသားကြသော လေးချိုးများကို (အို) (အိုကွယ်)စသည်တို့ အစား (အမယ်လေး) ဟူသောစကားကိုသုံး၍ ဇာတ်မင်းသမီး မင်းသားတို့များသာ သီဆိုပါမူ မုချ ငိုချင်းပင် ဖြစ်လိမ့်မည်။
ရှေးရှေး လေးချိုးများကို မှတ်သားနိုင်ရန် ဖော်ပြလိုက်သည်.သူတော်ဦးမင်း၏ ကလိယုဂ်ဘွဲ့ လေးချိုး
အမှန်သာ မှားတော့တယ်၊ အခါး ချိုကြတဲ့ ကာလဥာဏ်။
မြွေမူကား ပျောက်၊ ဘာသာမောက်လို့၊ ထက်အောက်ကယ် ပြောင်းပြန်။
လူမတရားတို့ ငွေစများမှ၊ စကားသာမှန်တော့တယ်။
ကျမ်းဂန်က ပေစာ၊ လူတကာ-ကဗျာရေးလို့၊ တေးဆို ကြပြန်။
ငွေဖြင့် ခဲမ၊ တန်းခိုး ပြ၍၊ ဋ္ဌာန ကပ်ပါး၊ နွားနှင့် ကျားလည်း ဆားနှင့် ဆင်ပြာ၊
ဤအရာ ပမာ ပုံဆောင်၊ သူတော်ညိုးလို့ လူဆိုးသာ အောင်တော့တယ်၊ တဘောင်သံမှာ ပြောင်းပြန် ကာလ ခေတ်ပေပ။
လူပဏ္ဍိတ်တို့ နောက်ဆုံးကျလို့၊ ဗာလ ရှေ့သွား၊ ငွေစ များ၍၊
တရား မညီ၊ တဘိန်းသာ အီတော့တယ် ရွှေနီး နှင့် ခပ်ပြာလို။ ပြိုင်လျှင် ပဏ္ဏာ မဲ့သူတို့ ရှုံးတဲ့ ကာလ။
စလေဆရာကြီး ဦးပုည ရေးသားသော ဆို မျှောက်ပင့် လေးချိုး
ရှု့ မ၀နိုင်ဘု၊ ပြုသမျှ ကြော့တဲ့သူ။ တုနှိုင်း-လူ့တိုင် စံမရှာနှင့်၊
သံသရာရှည် သည်နောက်၊ ဘယ်လောက်တောင် သူယဉ်လို့။
ဘယ်လောက်တောင် လှအုံးမယ်လို့၊ ဆုံးစ မရှိဘူး။
ချစ် စေတနှုံ နာသလို့၊ ပစ္စေကာ မှန်သမျှ၊ ဈန်ကြွတဲ့ မန်းကေငူ- သူနှင့် အသွား။
ဆင် ပါဝါ မင်္ဂလာတော် ပုသိန်းနှင့်၊ ဖလ်ရ၀န် ရောင် မပျို့ခင်က၊
နောင်ဘို့ရာပါ- ပါစေလို့၊ ဗျာဒိပ်ချွေ စိန္တေဦးမှာ၊ ဖူးစို့ နှစ်ပါး။
မန္တလေးမြို့ အချုပ်တန်း ဆရာဘေ၏ မျှောက်ပင့် လေးချိုး
ရွှေပဒုံ ကြာအချပ်ကိုလ၊ လေ အဟုန် လာ၍ ခပ်စဉ်က၊ ကညာနတ် ထွက်ခဲ့တယ်။
သန္ဓေ ဘွားဟာမို့၊ ရွှေသားကို ပန်ချီ ပြင်၍ ၊ သည်ခင်ကို စုတ်တံနှင့် ရေးသော်လဲ့၊ ဆေးရ နိုင်ဘွယ်။
စခန်းနော် လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွှန့်သော်မှ၊ ရွံ့ပါလိမ့် သူ့ နိကာယ်ကို၊ ရှိတယ်လို့ ဟုတ်ပြီးဘူး။ တပါးဟန် သိကြားရယ် မကြာဖန်တော့၊ ကွာရန်မှာ တူမည် ဝေးပါငဲ့။ ဘို့ ကမေ- ခင်ခင်လေး မှာ ကွယ်။ ရှေး ကုသိုလ် ထူး။
စာရေးတော်ကြီး ဦးသာဇံ၏ ဆိုမျှောက်ပင့် လေးချိုး
ရွှေပြည်တန် မ က သေးပါတဲ့၊ နေခြည်လျှံ မြအသွေလိုပ။ အလှ ကလေးရယ်တဲ့- ပုံ့ပုံ့ရယ်။
ဖွဲ့ သက္ကရာဇ်- ဆယ့်တနှစ် ဇာတာနေက၊ ကညာမေ တဖြစ်ကူးခဲ့တော့၊ နံ့သာရေ အနှစ်လူးတယ်၊ ဖူးထွက်ထွက်ကယ်။
သာဂီမှာ ပဏ္ဏာရပါဘိ၊ ကာလီဒါ ဆရာပြပါတဲ့၊ စာအရ ကျမ်းနှင့်ကွယ်၊ တယ်-ထက်တဲ့ ခင်လေး။
မှေးစက် ရွှင်ရွှင်၊ မွေးညက်ရင်ခွင်တယ်လို့၊ ကစားလျှင် ယားရင် ရိုတ်လိမ့်မယ်၊ တအား ပင် ထားတင်ပိုက်ပါလိမ့်၊ ပါးပြင်မှာ သွားကြင်လိုက် အောင် (ကွယ် ..) ဘုန်း ကိုက်ချင်သေး။
No comments:
Post a Comment