သံပေါက်ကဗျာ စပ်နည်း

သံပေါက်စပ်နည်း ဥပဒေသော်ကား

(၁) သုံးပါဒ- သုံးပုဒ်နှင့် စကားဆုံးအောင် စပ်ဆိုရမည်။

(၂) ပဋ္ဌမပါဒ၌ အက္ခရာ လေးလုံးထားရမည်။

(၃) ဒုတိယပါဒ၌ အက္ခရာ သုံးလုံး ထားရမည်။

(၄) တတိယပါဒ၌ အက္ခရာ ငါးလုံး သို့မဟုတ် ခုနှစ်လုံး ထားရမည်။

ထိုကဲ့သို့ စပ်ဆိုရာ၌ ပဋ္ဌမပါဒ စတုတ္ထ အက္ခရာနှင့် ဒုတိယပါဒ တတိယ အဆုံးက္ခရာ
တတိယပါဒ ဒုတိယအက္ခရာနှင့် အသတ်ခြင်း တူ၍ ကာရန် ၀ါကျ ထိမိအောင် စပ်ဆိုသီကုံးရေးသားရလေသည်။ 


ငါးလုံးနှင့်ဆုံးသော ပုံစံ (ဥဒါဟရုဏ်)

သံပေါက် စပ် “ထုံး၊ (ပဋ္ဌမပါဒ အက္ခရာလေးလုံးစီထားသည်)
အပိုဒ် “သုံး“၊ (ဒုတိယပါဒ အက္ခရာ သုံးလုံးစီထားသည်)
မှတ် “အုံး“ တလီသာ။ (တတိယပါဒ အက္ခရာ ငါးလုံးစီထားသည်)

ပထမပါဒ စတုတ္ထအက္ခရာ “စပ်“
ဒုတိယပါဒ တတိယအက္ခရာ “သုံး“
တတိယပါဒ ဒုတိယအက္ခရာ “အုံး“ တို့ ကာရံတူသည်ကို သတိပြုပါ။ ဆက်လေ့လာရန်။

အစလေး “လုံး“
အလယ် “သုံး““
အ “ဆုံး“ ငါး ခုနှစ်သာ။

ထိုနည်းစပ် “က“
အမှန် “ရ“
လော “က“ မှတ်ကြောင်းသာ။

အစ နောက် “ဆုံး“
အလယ် “သုံး“
အ “ဆုံး“ ဒွေးနှင့် ဟပ်။

 စလယ် အ “ဆုံး“
ဟပ် မ “သုံး“
ရေး “ထုံး“ မှားမည် မှတ်။

သံပေါက် က“ဗျာ“
ရေးထုံး “မှာ“
စုံ“စွာ“ သိအောင် မှတ်။

No comments:

Post a Comment