ရေသောက်ခြင်းနှင့် ရေသောက်နည်း

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။
ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။
သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

•နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။
ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
•အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။
အစာကြေလွယ်သည်။

ရှာသင့်သော အရာ


မြန်မာလူမျိုးတိုင်း သိသင့်တဲ့ ဗမာဆိုတဲ့ အသုံးအနှုန်း

“ ဗိုလ်ချုပ်နေဝင်းရဲ့ဒီအမွေကိုသူ့ရဲ့လက်ရင်း တပည့် လို့ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာအသုံးပြုခဲ့ ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင် ဖြစ်တဲ့ နိုင်ငံ ကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုး ကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ် ပြောင်းပြန် သတ်မှတ်ပြီးတော့သုံးစွဲဖို့အမိန့်ထုတ်ပြန်ခဲ့ တာ "

ညောင်သီတာ ရေတော်သွန်းချိန်မို့ 

"ကဆုန်လဖွဲ့"
 
မြူခြေငယ် စွန်းပါလို့၊ နေ၀န်းငယ်စက်ရှိန်၊ တောက်လောက်ငယ်ထိန်သည်၊
 ဖန်သူရိန် တေဇောကြောင့် ပူဗျာပါကဲတဲ့ လကိုလေး။
ရာသီငယ်ပြိသာ၊ မဟေသီလဲ ရွှေညီခလို့၊ ပန်းမြစကားဝါ၊ ၀ိသာခါနှင့် တာရာခြံရံ၊
စန်းငွေယုန်ဖန်သည့်နှယ်၊ ဆန္ဒန်ပိုင် ဘွေဘုံမှာ၊ လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

ကဆုန်းလဘွဲ့ 

စကားဝါငုံ သင်းလို့၊

ကြယ်မင်းတဲ့ ဝိသာခါ၊

တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊

ထွန်းတဲ့ချိန်ခါ၊

စုံကန္တာ၊ ဟေမာမြိုင်ထဲ

ရွှေကျေး ပျံသင်လို့၊

စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊

မြူးကြစမြဲ.......။

ကဆုန်လ၏ ၀ိသေသ (၁၆)ချက်

၁။ အလောင်းတော်သုမေဓါသည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ နိယတဗျာဒိတ် ခံယူသောလ

၂။ အလောင်းတော်သိဒ္ဒတ္ထမင်းသား ဖွားမြင်သောလ

၃။ အလောင်းတော် သိဒ္ဒတ္ထမင်းသား တောထွက်တော်မူသောလ (အလောင်းတော်သည် ၀ါဆိုလတွင်တောထွက်သည်ဖြစ်သော်လည်း နာနာဆန္ဒပျို့အရ ကဆုန်လတွင်တောထွက်သည်ဟုဆိုသည်)

ကဆုန်လ


နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။


ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။


ပန်းစကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။

(ဖိုးသူတော်ဦးမင်း)