လေးချိုးစပ်နည်း (၁)

လေးချိုးဆိုသည်ကား အချိုးလေးချိုးရှိသော ဒွေးချိုးစပ်နည်းမျိုးကိုပင် ခေါ်ဆိုသည်။ ထို့ကြောင့်လေးချိုးကဲ့သို့ပင်ဖြစ်သည်။ သို့သော် အချိုးလေးချိုးစပ်ထားသောကြောင့် ဒွေးချိုး ထက် နှစ်ချိုးအတွက်သာလျှင် အပိုဒ်ရေပိုသည်။

 (မှတ်ချက်) လေးချိုးသဖြန်းစသည်တိုမှာ အခံပါဒတွင် အက္ခရာ လေးလုံး ငါးလုံး ခြောက်လုံးနှင့် စကြလေသည်။ အချိုးမှာ ဆယ်လုံးထိပင် စပ်ဆိုကြသေးသည်။ ဒွေးချိုးမှာ သုံးလုံးနှင့်သာ စထုံးရှိသည်။ သို့သော် လေးလုံးနှင့် စသည့်လေးချိုးသည်နည်း၍ ကာရန်ဝါကျကိုလိုက်ပြီးလျှင် အဓိပ္ပါယ်ရအောင် စားလုံးများများထားပြီးလျှင် စပ်သောလေးချိုးသည်က များ၏။ အခံတွင်း အအုပ်ကာရန်သည် ဟပ်နှိုင်သမျှဟပ်ရသေသည်။ အချိုးအစားလေးချိုးထား၍ တချိုးအတွက် သုံးပိုဒ် လေးပိုဒ်စသည်ထားရသော် လည်း အချို့ မိုဃ်းဘွဲ့ လေဘွဲ့ မယ်ဘွဲ့ မောင်ဘွဲ့စသည်တို့၌ကား အဓိပ္ပါယ်ရရန်ပိုဒ်ရေများများထား ပြီးလျှင် စာလုံးအရေးအတွက်ကိုမူ ပမာဏမထားဘဲ အချိုးကိုသာ အမှန်ယူ၍ ကာရန်ဝါကျ ညီညွတ် ပြေပြစ်အောင် သာလျှင် စပ်ဆိုကြလေသည်။ လိုရင်းမှာအချိုးသာလျှင်မူလဖြစ်၍ အပိုဒ်နှင့်အက္ခရာ လုံးရေးမှာမူ အလိုရှိသလောက် အဓိပ္ပါယ်ရောက်အောင် စပ်စီသီကုံးနိုင်လေသည်။

ဥဒါဟရုဏ်များမှာ ..

၁) နွေရာသီမိန်ဓ“လေ့” ပေမို့၊ ဆွေသာကီ မသိမ်“မွေ့”နိုင်ဘု၊ အိနြေ္ဒ့ရင်မို့ နော်။

၂) အပူ“ပြိုး“သော်ကော့၊ မြူ“ခိုး“ရယ်က “ဝေေ၀“ ကြောင့်၊ အထွေထွေ ရွှေရင်“ထု“ပါလို့၊ 
တင်“ပု“ဆွေမြေမှာ“လဲ“ချင်ပေါ့ကွဲ့၊ “ကွဲ“ရနှ စ်ဘော်။

၃) ရွက်ဟောင်းဝါ ဈာန်ယဉ် “ပြောင်း“ပါလို့၊ ရွက်သစ်ဖြာညာထက် “မောင်း“ငယ်နှင့်၊
တ “ပေါင်း“ လ သည် အ “ပေါ်“၊ ကြည် “တော်“ မြမူနှိုင် ဘူး။


၎) “သာရကာ” “ကာလုဒါ“ ရွှေဂါ “ထာ”ကြောင့်၊ ဒေသ “ဇာ” ကပ္ပီ “နန်း“ ကိုကွယ်၊ “လှမ်း“ ကြွလို့ ကူး။

No comments:

Post a Comment