ဒွေးချိုးစပ်နည်း (၂)

သုံးပါဒ အခံအအုပ်ဒွေးချိုးကို လေ့လာ ပြီးနောက် လေးပါဒ အခံအအုပ်
 ဒွေးချိုးကို သေချာလော့လာပြီး အောက်ပါ ဥဒါဟရုဏ်ပုံစံများကို လေ့ကျင့်နည်းယူပါ။

အခံ-လေးပါဒ - မထပအချိုး

၁) ပန်း စ “ပယ်“

၂) နန်း အ “လယ်“ မ ပေါ် “ခိုက်“၀ဟာ မို့

၃) အ “လိုက်“ တော် တန် “သင့်“ အောင်

၎) ခံ “ပွင့်“ ကို “ကုံး“

 အချုပ် ကာရန်-- “ပါယ်“ နှင့် “လယ်“၊ “ခိုက်“ နှင့် “လိုက်“၊ “သင့်“ နှင့် “ပွင့်“ ကို သတိထားပြီး (“ကုံး) အခံ ကာရန်ကို သတိထားပါ။

အအုပ်လေးပါ - ဒုတိယအချိုး

၁) ပန်း စ “ပယ်“

၂) နန်း အ “လယ်“ တကယ် “ထိုင်“ တော့

၃) ခံ ပန်း “ခိုင်“  ယာ ရီ “ရွေ့“ တယ်

၎) တော “လေ့“ ရွာ “သုံး“

အချုပ် ကာရံ -- “ပါယ်“ နှင့် “လယ်“၊ “ထိုင်“ နှင့် “ခိုင်“၊ “ရွေ့“ နှင့် “လေ့“ ကို သတိထားပြီး “သုံး“ဟု အအုပ် အချီကို ၀က်နင်းရှောင်နည်းဖြင့် ချထားပါသည်။

အထက်ပါ ဒွေးချိုးရေးနည်း ရေးထုံးမှတပါး ဒွေးချိုးသဖြန် ဟူ၍ခေါ်ဆိုပြီးလည်း စပ်တတ်ကြသေးသည်။ သို့သော် အချိုးမှာ အတူတူပင်ဖြစ်သည်။ အချို့မှာမူ အတူတူပင်ဖြစ်၍ မကွဲပြားချေ။ သဖြန်၏ သဘောလက္ခဏာမှာ အက္ခရာ အလုံးရေနည်း၍ ဘွဲ့ရေးသားခြင်းပင် ဖြစ်သည်။

No comments:

Post a Comment