လေးချိုးစပ်နည်း (၃)

လေ့လာရန် လေးချိုး ကဗျာများ

ကြာချည်ရန် နာရီပြန် ပဟိုရ် ညိတ်ပေါ့ပေါ့၊ မှေးမှိတ်လို့ စက်ပါသော၊ ရေးမျှ မပျော်။
လာနိုးရယ် မြော်၊ ကြာပါ မြင့်ဆောင်ထီး၊ ရွှေဘော်တော် တဥာဏ် ပွေနေလို့၊ မလာနေ တာရှေလှတာကြောင့်၊
တွေးရခက်ကြီး။ (အနောက်နန်း မိဖုရား မြကလေး၏ အမြောက်ဆိုက် လေးဆစ် သဖြန်း)

လွမ်း မပြေ၊ မန်းမြေ တမိပါတော့၊ ကမ်းခြေမှာ စမ်ရေစတွေနဲ့၊ ဖြန်လေက တသုံတသုံ။
တဲသဘက်မှာ လဆွဲ ဖက်ခါ အရင်လို့ ရောထင့်၊ ကရင်အို ယာပြင်ကြီးမှာ၊ မီးထဲ့လို့လှုံ။
မပူပေါင်ကွယ် နောက်ဆီ ချမ်းရော့ထင့်၊ အဖြူဆောင်-ခေါက်သည်နွးရယ်နှင့် ချမ်းတယ်လို့- မ-ကာခြုံ၊ ဟ-ကာငုံပါတဲ့ နုရွှေဂွမ်း၊ ဘေးအိပ်ကယ် ရှု၊ ဆေးလိပ်တို နားမှာ ထိုးပါလို့၊ တောင်ရိုနေစာ လှုံကြပါတဲ့ အမျိုးနော်၊ ဘိုးစောကဲတို့မှာလ၊ တလင်းဖြူမှ မစဲခင်က၊ အို-ကွယ် တဲ့ဖျက်လို့လွမ်း။

ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်တဲ့ နံ့ကြိုင်၊ သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော်် ၀တ်မှုန်ကျင်း၊
သင်းပျံ့လို့ လှိုင်၊ ကြယ်နှစ်ဆိုင် သွယ်ပြိုင်ပ၀င်း၊ စိတြငယ်နှင့်၊ ငွေလသော်တို့၊ ယုဂန်ချာ တောင်တော် စွန်းမှာ ထွန်းထိန်လို့ လင်း။

No comments:

Post a Comment