လမ်းမ ထီးထီး၊
ခရီးရှည်လျား၊ ခရီးသွားလည်း၊
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်၊
ညနေဘက်တွင်၊ ကျယ်နက် မတ်စောက်၊
ဒီရေချောင်းသို့ ရောက်သတည်း။
ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ် မတွန့်၊
မရွံ့မကြောက်၊ ဆည်းဆာအောက်ဝယ်၊
ကူးမြောက်သူကျော်၊ ဖြတ်စွမ်း၏။
ဟိုမှာကမ်းဘက်၊ ရောက်ပြီးလျက်မှ၊
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍၊
တံတားထိုးပြန်လေတော့၏။
ခရီးသွားဖော် တစ်ဦးသော်လျှင်၊
ထုတ်ဖော် ဤသို့ မေးမြန်၏။
အို..အဖိုးအို......
နေလည်း ညိုပြီ၊
ချောင်ကို လွန်မြောက်၊ သည်ကမ်းရောက်လျက်၊
နောက်သို့ တဖန်၊ သင် မပြန်ပဲ၊
အားသန် ကြိုးစား၊ ဤတံတားကို၊
သင် ကား ...အဘယ်ကြောင့် ဆောက်သနည်း။
အို ...အဆွေ
သည်နေ့ ဆိုလျှင်၊ ဆံပင်နုနယ်၊
လူငယ် တစ်ယောက်၊ ငါ့နောက်လိုက်လျက်၊
ခရီးထွက်ပြီ။
ချောင်းနက် မတ်စောက်၊ ငါမကြောက်လည်း၊
နောက်ကလိုလာ သူ့ခမျာမှာ၊
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍၊
ကြိုးပမ်း ငါလျှင် ဆောက်သတည်း။
(ဆရာအောင်သင်း-အမွေစာအုပ်မှ)
No comments:
Post a Comment