သမိုင်းမှာမင်းတရားခံဖြစ်မယ်

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊


တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။


ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။

တင်မိုး

{လမင်းတရာစာပေဆက်ဆံရေးက ebook အဖြစ် ထုတ်ဝေလိုက်တဲ့၊ "ဗုဒ္ဓနှင့်တွေဆုံခြင်းနှင့် အခြားကဗျာများ" စာအုပ်မှ ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။}

No comments:

Post a Comment