ကဆုန်လ၏ ၀ိသေသ (၁၆)ချက်

၁။ အလောင်းတော်သုမေဓါသည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ နိယတဗျာဒိတ် ခံယူသောလ

၂။ အလောင်းတော်သိဒ္ဒတ္ထမင်းသား ဖွားမြင်သောလ

၃။ အလောင်းတော် သိဒ္ဒတ္ထမင်းသား တောထွက်တော်မူသောလ (အလောင်းတော်သည် ၀ါဆိုလတွင်တောထွက်သည်ဖြစ်သော်လည်း နာနာဆန္ဒပျို့အရ ကဆုန်လတွင်တောထွက်သည်ဟုဆိုသည်)


၎။ သစ္စာလေးပါးကိုသိမြင်၍ဘုရားဖြစ်တော်မူသောလ

၅။ ပရိနိဗ္ဗန် စံယူတော်မူသောလ

၆။ ဗောဓိညောင်ပင်ရေသွန်းလောင်းသောလ

၇။ စကားပန်းများပွင့်သောလ

၈။ ၀ိသာခါနက္ခတ်နှင့်စန်းယှဉ်၍ပြည့်သောလ

၉။ တံငါတာရာ ထွန်းသောလ (သက္ကဋနက္ခတဒီပနီအလိုမှ ဆင်တာရာထွန်းသည်)

၁၀။ နေ့နာရီ (၃၂)နာရီ ညနာရီ (၂၈)နာရီရှိသောလ

၁၁။ ရက်စုံဖြစ်သောလ

၁၂။ နဂါးခေါင်းအနောက်၊ မြောက်ဝမ်းပြင် ၊တောင်ခွင်ကျောသား၊ မြီးဖျားရှေ့သို့ထားသောလ

၁၃။ စနေ၊ကြာသပတေး ရက်ရာဇာ ဗုဒ္ဒဟူး၊သောကြာပြဿဒါးဖြစ်သောလ

၁၄။ နေရိပ် နှစ်ဖ၀ါးဖြင့် မွန်းတည့်သောလ

၁၅။ ပြိဿမည်သောလ

၁၆။ ဖွားဖက်တော် (၇)ဦးဖွားသောလ

No comments:

Post a Comment