လူကြီး လူလတ် လူငယ်

မသိလို့လုပ်လိုက်မိတဲ့ အမှား၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့အမှား၊ အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း 
 
ထပ်ပြီးမှားသွားမိတဲ့အမှား၊ မှားမှန်းသိရဲ့နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား.. အဲဒီအမှား တွေကို ရင်မှာပိုက်ပြီး 
 
အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
 
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
 
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအား လူငယ်ဟုခေါ်သည်။ 
 
 
(ဦးဘုန်း-ဓာတု)

No comments:

Post a Comment