ဝမ်းဗိုက်

ဝမ်းဗိုက်သည် အချိန်ကို အလွန်သိသည်။ အချိန်တာဝန်သိစွာ အစာကို တောင်းခံတတ်သည်။ အစာကို ကျေညက်ရန်လည်း အဆင်သင့်ပြုထားတတ်သည်။ သူက တာဝန်ကျေသမျှ လူတွေက တာဝန် မကျေ၊ သို့မဟုတ် လူတို့အပေါ် ဖိစီးခိုင်းနေသော “လူ့တာဝန်“ဟု ခေါ်ဆိုသည့်အရာက လူတို့ကို တာဝန်ကျေစွာ စားရန်ကိုလည်းကောင်း၊ တာဝန်ကျေစွာ အိပ်ရန်ကိုလည်းကောင်း၊ ခွင့်မပေး။ ထိုအခါ ရောဂါ ရလာကြသည်။

(ဆရာဘုန်းနိုင်၏ ၀တ္ထုတခုမှ)

No comments:

Post a Comment