ဇွဲ

ဇွဲသမားတို့သည် စိတ်ရှည်၏။ အလုပ်လုပ်လျှင် အမြန်ဆုံးပြီးစီးဖို့ထက် သေချာပေါက် အောင်မြင် မည့်နည်းကိုပဲ သူတို့ရွေးတတ်သည်။

ဒုတိယကမ္ဘာစစ် ခေတ်ကာလလောက် ထင်ရှားခဲ့သော နိုင်ငံအကြီးအကဲ သုံးယောက်အကြောင်း ပုံပြင် တစ်ပုဒ်ရှိသည်။ ၄င်းတို့၏ စိတ်ဓာတ်များအကြောင်း ပြောသည့် ပုံပြင်ဖြစ်သည်။ ရေကူးကန်နံဘေး မြက် ခင်း ပြင်မှာ ပုဂ္ဂိုလ်ကြီး သုံးယောက် အတွက် ညစာစားပွဲ တည်ခင်းထားသည်။

 ရေကူးကန်းထဲမှာ ငါးမန်း တစ်ကောင် ကူးခတ်လျက်ရှိသည်။ ပုဂ္ဂိုလ်ကြီး သုံးယောက် ကမ္ဘာ့ပြာဿနာ တစ်ရပ်ကို ဆွေးနွေးတိုင်ပင်ရာ က လုပ်နည်းလုပ်ဟန်နှင့် စပ်လျဉ်း၍ အငြင်းပွားကာ “ဒီရေကူးကန်ထဲမှာ ငါးမန်ကို ဖမ်းပါဆိုရင် ခင်းဗျာ ဘယ်လိုဖမ်းမလဲဗျာ“ ဟူ၍ တစ်ယောက်နှင့် တစ်ယောက် စိန်ခေါ်သည့် အဆင့်ထိ ရောက်သွားသည်။

ငြင်းခုံးရင်းက ဗြုန်းဆို ပုဂ္ဂိုလ်ကြီးတစ်ယောက် ရေကန်ထဲဒိုင်ဗင်နှင့် ရောက်သွားသည်။ သူက အသတ်  အပုတ်အလွန် ၀ါသနာပါသူ။ ရေထဲမှာ ငါးမန်းကို အတင်းလိုက်ဖမ်းပြီး ဓားနှင့် ထိုးရန် ကြိုးပမ်းသည်။ ငါးကလည်း ရှောင်ရမည့်သူဟု သဘောပေါက်ဟန်တူသည်။ ကန်ထဲ လှည့်ပတ်ပြေးသည်။ နောက်ဆုံး
 တော့ပုဂ္ဂိုလ်ကြီး အမောဆို့ကာ ကန်နံဘေး တွား၍ တက်လာသည်။

သူ့အလှည့်ပြီးတော့ နောက်ပုဂ္ဂိုလ်တစ်ယောက်။ သူက ခါးကြားမှ သေနတ်ကို ဆွဲထုတ်ကာ ရေထဲ တဒိုင်း ဒိုင်းလိုက်ပစ်သည်။ ကျည်ဆန်သာကုန်သွားသည်။ ရှပ်၍ပင်မထိ။ “ကဲ၊ ခင်းဗျား အလှည့်“။

ပထမလူနှစ်ယောက်က တတိယပုဂ္ဂိုလ်အား ပြောလိုက်သည်။ ပုဂ္ဂိုလ်ကြီးက စားပွဲပေးမှ ဇွန်းတစ်ချောင်း ယူ၍ ရေကန်နားးကပ်သွားသည်။ ကန်ထဲကရေတွေကို တစ်ဇွန်းချင်း ခပ်ကာမြတ်ခင်းပေါ် ပက်ထုတ်သည်။ “ဘာလုပ်တာလဲဗျ“ ၀ိုင်းမေးသည့်အခါ ပုဂ္ဂိုလ်ကြီးက ပြုံး၍ ဆိုသည်။

“ရေတွေ ခပ်ထုတ်နေတာလေ။ ကျုပ်နည်းက နည်းနည်းတော့ အချိန်ပေးရတယ်။ ဒါပေမဲ့ သေချာတယ်။ ခင်းဗျုားတို့ ငါး ဘယ်ပြေးမလဲ“ ဟူ၍။

1 comment:

  1. နောင်တော်ုကီးApril 30, 2012 at 9:44 AM

    သိပ်ကောင်းတယ်။ ပေးချင်တဲ့ message ထိထိမိမိ ရမှာ အမှန်ပဲ။

    ReplyDelete