ကိုယ့်အသက်ကို ပဓာနမထားဘဲ အများအကျိုးအတွက် အသက်ပေးရဲတာကို သူရဲကောင်းလို့ခေါ်သည်။ အတ္တကြီးမားကျသော လူသားများစွာအနက် သူရဲကောင်းဆိုတာ တစ်မိပေါက်တယောက်ထွန်း ရှားပါးလွန်း သည်။ သိဒ္ဓတ္ထမင်းသားသည် လေးအင်္ချေနှင့် ကမ္ဘာတစ်သိန်း ကိုယ်အင်္ဂါအစိတ်ပိုင်းများစွာကို သတ္တ၀ါများစွာ အမှောင်လောကမှ ထွက်မြောက်နိုင်ဖို့ ကြိုးစားခဲ့သည်။ ဒါဆို ကမ္ဘာပေါ်မှာ သိဒ္ဓတ္ထမင်းသားသည် သူရဲ့ကောင်း များစွားထဲမှ ကြီးမြတ်ဆုံးသော သူရဲကောင်းဟု ပညာရှင်တို့ သိမှတ်ကြလိမ့်မည်။ သိဒ္ဓတ္ထမင်းသားကဲ့သို့ စွန့်လွတ်နိုင်မည့်သူ ယနေ့ကမ္ဘာမှာ ရှိမည်မဟုတ်။
No comments:
Post a Comment